On Job Training

ဘွဲ့ရပြီးလို့ပဲဖြစ်ဖြစ်၊ အဝေးသင်တက်နေဆဲပဲဖြစ်ဖြစ်၊ အတွေ့အကြုံမရှိလို့ အလုပ်မရသေးသူများအတွက် သတင်းကောင်းလေးလာပါပြီ။ Esperado Lake View Hotel ကနေ အောက်ပါဌာနအသီးသီးအတွက် On Job Training Member များ ခေါ်ယူနေပါပြီ။

သင်တန်းကြေး (လုံးဝ) ပေးစရာမလိုတဲ့အပြင် OJT လစာပါ ပြန်ပေးဦးမှာဆိုတော့ အမြန်ဆုံး လျှောက်ထားလိုက်ရအောင်နော်။

▪ Lunch လည်း ပါသေးတယ်နော်။           

▪ အတွေ့အကြုံ မလိုပါ။ သက်ဆိုင်ရာဌာနအသီးသီးမှ လက်တွေ့သင်ကြားပေးမှာ ဖြစ်ပါတယ်။

▪ သင်တန်းကာလပြီးရင်လည်း ထူးချွန်သူတွေအားလုံးကို အမြဲတမ်းဝန်ထမ်းအဖြစ် တစ်ခါတည်းခန့်အပ်ပေးဦးမှာဆိုတော့ ဒီလို အခွင့်အရေးမျိုးကို လက်လွှတ်မခံဘဲ CV form လေးတွေ အမြန်ဆုံးပို့ပေးကြပါဦးလို့။

 

OJT ခေါ်နေတဲ့ Department လေးတွေကတော့

1. HR                        

2. Sales & Marketing

3. F&B service (Waiter, Waitress)

4. Production

5. M&E

6. IT

7. Stock Control

8. Reservation

9. Front Office

10. Purchasing တို့ပဲ ဖြစ်ပါတယ်။

 

Notice:

▪ Form ပိတ်ရက် - 31.7.2018

▪ လျှောက်ထားလိုသူများသည် (၆)လအတွင်းရိုက်ကူးထားသော လိုင်စင်ဓါတ်ပုံ(၂)ပုံ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ အလုပ်သမားမှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ပညာအရည်အချင်းအထောက်အထား မူရင်း/မိတ္တူ လိုအပ်သောစာရွက်စာတမ်း အပြည့်အစုံနှင့်အတူ လူကိုယ်တိုင် အောက်ဖော်ပြပါလိပ်စာသို့ လာရောက်လျှောက်ထားနိုင်ပါသည်။

 

Esperado Lake View Hotel

Tel: 01-8619486~9

Email: hr.hotelesperado@gmail.com

အမှတ် -၂၃ ၊ ကန်ရိပ်သာလမ်း ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

 

Source: https://www.facebook.com/esperadolakeview/photos/a.419928861514335.1073741844.352445531596002/1044027589104456/?type=3

Call Center​

(+95) 1 8619488​

Copyright © 2018 Esperado Lake View Hotel​

SOCIAL

Esperado Lake View Hotel​

จีเนียส เว็บสวย ติดหน้าแรกๆ Google

DESIGN by​